Tuesday, August 27, 2013

မိုးတိတ်တဲ့နေ့

ဒီနေ့ မိုးမရွာဘူး..။
မိုးမရွာတာ ဘာမှ မဆန်းဘူး....။
ဒါပေမယ့် တစ်ပတ်ကျော်ကျော် မိုးတွေနဲ့ မည်းမှောင်နေခဲ့တဲ့ အတွက် ဒီနေ့ မိုးမရွာတာ ကျမ နေသာနေတယ်...။
မိုးတွေ သိပ်အေးရင် နေမကောင်းဘူး.။ လျှော်တဲ့ အ၀တ်တွေ မခြောက်ဘူး..။
အဲ့တော့ ဒီနေ့ မိုးမရွာတာ ၀မ်းသာနေတယ်..။

ဒီနေ့ ကျမ မွေးနေ့...။
မွေးနေ့ဆိုတာ တစ်နှစ်တစ်ခေါက်ကြုံနေကျပဲ သိပ်မထူးဆန်းဘူး..။
ဒါပေမယ့် စိတ်ထဲတစ်မျိုးတော့ ဖြစ်နေတယ်..။

နားထဲမှာ ကြားယောင်နေတယ်..။
A.မွေးနေ့ဆိုတာ အဓိပ္ပာယ်မရှိဘူးကွ
နောက်တစ်နေရာမှာပဲ ဒီအသံက
B.မ မွေးနေ့မှာ ပျော်ရွှင်ပါစေ
အသံတစ်ခုတည်းက ဘာလို့နေရာနှစ်ခုမှာ မတူညီရလဲ ကျမ မသိဘူး...။

မျက်လုံးထဲ မြင်ယောင်နေတယ်..။
A.မေမေ..ဒီနေ့ သမီးမွေးနေ့
အမ် ဟုတ်လို့လား..။
B.သမီးလေးမွေးနေ့..ရော့...အရုပ်ကြီး
ဟယ်...၀မ်းသာလိုက်တာ မေမေ 
အမှတ်သညာတွေ ဘာကြောင့်ကွဲပြားကြသလဲ ကျမ မသိ ဘူး..။
  
ကျမ
လက်ပတ်နာရီမရှိဘူး
ကျမ
အရုပ်တစ်ရုပ်မှ မရှိဘူး
မွေးနေ့လက်ဆောင်ဆိုတာ ဘယ်သောအခါရမလဲ
မျှော်လင့်ရင်း
၃၁ တဲ့
နောက် ဘယ်နှစ်နှစ် ရှင်သန်ခွင့်ရဦးမလဲ
ဟိုးးးရှေ့က ဖြတ်သွားတဲ့ ကားနောက်ခန်းက အရုပ်သေးသေးလေးတွေ
တမေ့တမောငေးမောကြည့်မိတယ်
ချစ်စရာ အရုပ်လေးတွေ

ကျမ လက်ထဲ
ပိုက်ဆံအချို့ရှိရဲ့
ကျမ ကိုယ် ကျမ
လတ်ပတ်နာရီလေးတစ်လုံးနဲ့
နှစ်သက်ရာ မွေးပွအရုပ်ကလေးတစ်ရုပ်
ဝယ်ပေးရင်ကောင်းမလား
ဟင့်အင်း ကျမ ခေါင်းမာနေတုန်းပဲ

ကျမ လက်ထဲ ပိုက်ဆံအချို့ရှိရဲ့
မုန့်ဆိုင်တစ်ဆိုင်ရဲ့ ထောင့်တစ်နေရာမှာ
ငြိမ်ငြိမ်သက်သက်သွား စားရလေမလား
ခေါင်းအသာယမ်းရင်း
ခိုနားရာကို ဖြည်းလေးစွာ
ပြန်  ခဲ့  တယ်

ဖေ့ဘုတ်ပေါ်က ဟက်ပီးဘတ်ဒေးတွေ
အသာအယာပြုံးကြည့်
ကျမ
ဒါတွေပဲ ပျော်မွေ့ရသတဲ့

မျက်ဝန်းထဲ ၀ဲတက်လာတဲ့ မျက်ရည်
ဘာကြောင့်လဲ
တွယ်ရာမဲ့ စိတ်တွေ
ဘာကြောင့်လဲ
ဒီတစ်နေ့ စကားပြောစရာ
အနားမှာ ဘယ်သူမှ မရှိတာ
ဘာကြောင့်လဲ

ကျမ
ဒီတစ်ည
အိပ်ပျက်ရဦးမယ်.... ~~~

မိရွှေဘုတ်
27.8.2013
5:45 PM

1 comment:

  1. ပျော်ရွှင်စရာ ကောင်းသော မွေးနေ့လေ ဖြစ်ပါစေနော်
    နောက်ကျမှ ရောက်လာခဲ့တယ် ဆိုပေမယ့်လို့
    ဆုတွေ တောင်းပေးခဲ့တယ် သိလား ။

    လက်ပက်နာရီ လှလှလေး တစ်လုံးရယ်
    ချစ်စရာ အရုပ်လေးတွေ အများကြီးရယ်
    မြန်မြန် ပိုင်ဆိုင်နှိုင်သောသူ ဖြစ်ပါစေ ...။

    ReplyDelete