နေရာသစ်ကို
ရောက်လာခဲ့ပြန်ပြီ သက်ငြိမ်။
ကျဉ်းမြောင်းလှောင်ပိတ်တဲ့
အခန်းကျဉ်းလေး မဟုတ်တော့ပေမယ့် အစိမ်းအသက်အငွေ့အနံ့ရတဲ့ နေရာမှာ ကိုယ် ယောင်နနဖြစ်နေတယ်။
နေရာသစ်မှာ လူသစ်တွေနဲ့ နာရီပိုင်းအတွင်းတော့ ဘယ်မှာအကျွမ်း တ၀င်ဖြစ်ပါ့မလဲဘေ။ မင်း
ကို သတိရစိတ်တွေနဲ့ ကိုယ့်ရင်မှာ ပြည့်လျှံလာတယ်။ တည်ငြိမ်အေးဆေးပြီး ကရုဏာအရိပ်အငွေ့တွေ
ယှက်သန်းနေတဲ့ မင်းရဲ့စကားသံတွေ ကြားခွင့်ရရင် ကိုယ် စိတ်သက်သာရ ချမ်းမြေ့နိုင်မယ်ထင်ရဲ့။
ကိုယ် ဖုန်းခေါ်တိုင်း
တိုက်ရိုက်ခေါ်ဆိုတဲ့အချိန် တော်တော်ရှားပါတယ်။ မင်း စာရေးနေမှာ၊ သီချင်းလေး နားထောင်နေမှာ၊
ကိုယ် လက် မအီမသာ ဖြစ်နေမှာ စိုးရိမ်မိတတ်တဲ့ ကိုယ် ဟာ can I call? ဆိုတဲ့ message
လေးအရင်ပို့ပြီး မင်း ထံက OK လို့ reply ပြန်လာမှ ခေါ်ဆိုလေ့ရှိပါတယ်။ ဒီကနေ့တော့
writing လို့ ပြန်စာ လေးရချိန်မှာတော့ ရုတ်တရက် ၀မ်းနည်းသွားစိတ်နဲ့ ကိုယ် ငြိမ်သက်သွားခဲ့တယ်။
တကယ်ပဲ writing ပဲလား သက်ငြိမ်ရယ်။
ကိုယ့်စိတ်တွေ
စနိုးစနောင့်နဲ့ တွေတွေဝေေ၀လေး အခိုက်အတန့်တော့ ငြိမ်သက်နေခဲ့တယ်။
နောက်တော့
မင်း ငြိမ်းငြိမ်းချမ်းချမ်းလေးရှိနေမှာပဲလို့ တွေးမိတဲ့ အခါ ကိုယ့် နှုတ်ခမ်းတွေပြုံးရယ်လာတယ်။
ကိုယ် က မင်း ပျော်ရွှင်အေးချမ်းနေမှာကိုပဲ လိုလားတယ်မလား။
ကိုယ့်အလိုဆန္ဒအတွက်
စကားပြောချင်မိတဲ့ ကိုယ် ရှက်စနိုးတော့ဖြစ်သွားမိတယ်…။
နေရာသစ်ရဲ့
စိမ်းသက်သက် အငွေ့အသက်တွေအောက်မှာ ကိုယ် မင်း ကို အေးမြမြလေးလွမ်းဆွတ်မိနေ ပါတယ်။
1.4.2013
PM:9:10
No comments:
Post a Comment