ဘာလိုလိုနဲ့
သက်ငြိမ် နဲ့ စကားပြောခွင့်မရတာ ငါးရက်ရှိသွားပြီ။
လွမ်းဆွတ်မှုတွေလည်း
တစစသိပ်သည်းလာလို့…။
ဝေးကွာနေသလိုခံစားရပေမယ့်
မင်း ရေးတဲ့စာလေးတွေက တဆင့် လှုပ်ရှားမှုလေးတွေ မြင်နေခွင့်ရလို့ ကိုယ် ကျေနပ်ပါတယ်။
ကိုယ်ရေးတဲ့ စာစုလေးအချို့ကနေ တစ်စုံတခုကို စိုးရိမ်ပြီး မင်း အနည်းငယ်အေးစက် သွားလေရဲ့။
တစ်မျိုးတမည်ထင်သွားခဲ့တာ ကိုယ် နားလည်ပါတယ်…။
ကိုယ့်ခံစားချက်ကို ကိုယ် သာ သိနေ နိုင်တဲ့အတွက်
မင်း ထင်သလိုမဟုတ်ပါဘူးဆိုတာ ရှင်းပြချင်ပေမယ့် ကိုယ့်အတွက် အဲဒီံအခွင့်အရေး မရခဲ့ပါဘူး။
ဒီအတိုင်းလေး ငြိမ်ငြိမ်သက်က်ကလေးနေရတာက မင်း အတွက် ပိုစိတ်သက်သာရ ရ အေးချမ်း မယ်ထင်ရဲ့လေ..။
ကိုယ် နှုတ်ဆိတ်နေလိုက်တယ်
သက်ငြိမ်..။
မင်း အတွက်ရယ်ပါ..။.
ကိုယ့် အတွက်တော့
အားကိုးတိုင်ပင်ဖော်၊ ရင်ဖွင့်ဖော် တစ်ယောက်ဆုံးရှုံးသွားခဲ့တာပဲလေ။
ဘာမဆို စာစုလေးတွေ
ချရေးဖြစ်တတ်တဲ့ ကိုယ့် အပြစ်ရယ်ပါ….။
မင်း ပျော်ပျော်ရွှင်ရွှင်လေးနေပါကွယ်…။
မင်း ရဲ့
တခြားဘက်ခြမ်းဆီမှာ ကိုယ် ငြိမ်ငြိမ်သက်သက်ကလေး တည်ရှိနေပါတယ်..။
တကယ်တော့
ဖြူဖြူစင်စင်မေတ္တာကလေးတစ်ခု၊ တန်ဖိုးထားမှုလေးတစ်ခုနဲ့ နှောင်ဖွဲ့ခြင်းမမည်တဲ့ ကြိုးလေးတစ်မျှင်ရယ်ပါ…။
ဒါ ကို ဘယ်သူမှ
နားမလည်နိုင်တဲ့နောက်…မင်း နားမလည်နိုင်တာလည်း အဆန်းမဟုတ်ပါဘူးလေ…။
ကိုယ် က
Outsider ရယ်ပါ..။
5.4.2013
PM:4:21
No comments:
Post a Comment