Tuesday, August 13, 2013
ချစ်သူ (၁)
တိမ်တွေညိုနေပြီလား...နေ၀င်နေပြီရယ်လား...
အမှောင်ဟာ ၀ိုးတ၀ါးနဲ့ ကျွန်မ ကမ္ဘာကို တရိပ်ရိပ်လွှမ်းခြုံတယ်
ကောင်းကင်မရှိတော့ဘူးဆိုတဲ့အသိက
ကျွန်မကို တရိရိနဲ့ အမျှော်စိတ်ကို မောစေတယ်
သူ ရှိစဉ်က မိုးရွာတာကို ငြိုငြင်ခဲ့သလို
နေပူတာကိုလည်း ငြူစူခဲ့ပါတယ်
တိမ်ထူထပ်တော့လည်း မှိုင်းပျလွန်းတယ် ပြောမိခဲ့ရဲ့
အ ခု ကျွန်မရဲ့ ကောင်းကင်ဘယ်ဆီမှာလဲ....
ရပ်မျက်နှာတစ်ခွင်ကို ရမ်းရော်မှန်းဆ
အလွမ်းဟာ ရင်ကို တနင့်နင့်တိုးဝှေ့တိုက်ခတ်တယ်
ကောင်းကင်ရှိစဉ်က သူရှိနေတယ်ဆိုတဲ့ အသိနဲ့
ဘယ်အချိန်မော့ကြည့်ကြည့် အုပ်မိုးထားမယ်ဆိုတဲ့ အသိနဲ့
ကျွန်မ သေချာမှုအားအင်တစ်ခုရှိခဲ့တယ်
အ ခု ကျွန်မရဲ့ကောင်းကင် ဘယ်ဆီမှာလဲ
တစ်ခုသော အရပ်မှာ မုန်တိုင်းတွေထန်မနေစေဖို့ဆုတောင်းရင်း
ချစ်သော ကောင်းကင်ကို
ကျွန်မ လွမ်းဆွတ်နေပါတယ်.............။
Labels:
ချစ်သူစာစုများ
Subscribe to:
Post Comments (Atom)
အလွမ်းဟာ ရင်ကို တနင့်နင့်တိုးဝှေ့တိုက်ခတ်တယ်
ReplyDeleteကောင်းကင်ရှိစဉ်က သူရှိနေတယ်ဆိုတဲ့ အသိနဲ့
ဘယ်အချိန်မော့ကြည့်ကြည့် အုပ်မိုးထားမယ်ဆိုတဲ့ အသိနဲ့
ကျွန်မ သေချာမှုအားအင်တစ်ခုရှိခဲ့တယ်
သေချာ ဖတ်သွားပါတယ်ဗျာ